Saturday, June 12, 2010

မလေးရှားရောက် အလုပ်သမား တစ်ယောက်၏ တစ်နေ့တာ

မနက် ၈ အိပ်ယာထ
လုပ်ပါလေတော့
ကျွန်အလုပ်တွေ
အတူတူပဲလေ
လုပ်နေရတာ
နားချိန်တော့ ..
ထမင်းစားချိန်ပေါ့
လုပ်ရတဲ့
ငွေက မပြောပလောက်
ည ၁၁ မှ အဆောင်ကိုပြန်
မပြောပလောက်တဲ့...
ငွေကြေးနဲ့
ဒီလိုလုပ်နေရပါလား...
ညနေ ထမင်းတောင်
မစားဖြစ်သေးဘူး
မနက် ၈ နာရီအချိန်ကို
တွေးမိနေပါကား........



မှတ်ချက်။ ။ ကျွန်တော်၏ ခံစားချက်ဖြင့်....တိုက်ဆိုင်မှုရှိလျှင် ခံစားပီးစေချင်ပါတယ်

ဘ၀ စိန်ခေါ်သံ

ည၏ အလင်း
မုန်းတိုင်းတွေ
မပြီးသေးဘူးလား။
ခရီးဝေးက
လာရသူပါ။
ခရီးအဆုံး
အမှောင်ဖုံးပိတ်
အနှိပ်စက်ဒဏ်
မခံတော့ဘူး။
ရည်စူးဦးတင်
အလင်းရှင်အား၊
တွင်း......ပြင်......နှစ်ပါး
ယုံကြည်အားဖြင့်
ညများစွာအား စိန်ခေါ်မည်...။ ။

မှတ်ချက်။ ။ ကျွန်တော် ကူးယူဖော်ပြချက်ဖြစ်ပါတယ်။